Saturday, 22 December 2018

ရည်းစားစကားပြောနည်း

ရည်းစားစကား"
ရည်းစားစကား"
အပွင့်မပါပဲ ပန်းမဖြစ်သလို
အချစ်မပါပဲ မအေးချမ်းဘူး
နင့်ဘဝ စမ်းလိုအေးမြဖို့
အာမခံကုမ္ပဏီလေးဖွင့်ထားတယ်
ဒါပေမဲ့ တယောက်ပဲလက်ခံမယ်
အဲဒါနင်ပဲ။
လေးနက်တဲ့စကားတခွန်းမို့
ကဗျာမဆန်ရင်တော့
ခွင့်လွှတ်ဟာ
ဆန်းဆန်းပြားပြား
စကားဆန်းတွေလဲ မသုံးတတ်တော့
ရိုးရိုးသားသားစကားလေးနဲ့ပဲ
နင့်စိတ်ထဲနူးညံ့စွာ
ခံစားမိစေချင်တယ်။
ဒါကြောင့်
စပါးပင်လေးတွေလို
နင့်ရှေ့မှာ ကိုင်းညွတ်ပြီးပြောပါရစေ
"နင့်ကိုငါ အရမ်းချစ်တယ်"။ ။

ရည်းစားစကားပြောနည်း

ရည်းစားစကား" ရည်းစားစကား" အပွင့်မပါပဲ ပန်းမဖြစ်သလို အချစ်မပါပဲ မအေးချမ်းဘူး နင့်ဘဝ စမ်းလိုအေးမြဖို့ အာမခံကုမ္ပဏီလေးဖွင့်ထားတယ်...